Skip to Content
Official Online Sale Channel by Cherry Oo Biggest Watch Online Sale Channel in Myanmar Official Online Sale Channel by Cherry Oo Biggest Watch Online Sale Channel in Myanmar
Competition Image
Profile Picture
Jonathan

July 20, 2025

3

ကျနော်နဲ့ သူမနဲ့ ၂၀၁၃ ခုနှစ်မှာ စတင်ချစ်ကြိုက်ကြတယ်ပေါ့ဗျာ။ ၂၀၁၆ ကျနော်တို့ ချစ်သက်တမ်း ၃နှစ်ပြည့်တဲ့နေ့မှာသူမအတွက် Baby-G (BG-169) Model အဖြူရောင်လေးတစ်လုံးကို သူမကိုလက်ဆောင်ပေးခဲ့ပါတယ်။ (ဒီတိုင်းဆိုရင် ဘာထူးခြားနေလို့လဲလို့ပြောကြမှာဆိုပေမယ့် ကျနော့်အတွက်ကသာမန်ထက်ပိုပါတယ်။ ပထမအနေနဲ့ G-shock ဆိုတာ အဲ့ခေတ်လူငယ်တိုင်းနီးပါးကြိုက်ကြ၊ ပတ်ကြတဲ့ နာရီလေးပေါ့။ Eminem ပတ်ထားတာကြည့်ပီး ရှယ်အားကျခဲ့တာ။ ဝယ်ပတ်ချင်ပေမယ့် ကျောင်းသားအရွယ်လူငယ်တယောက်အနေနဲ့ ဝယ်မပါတ်နိုင်ခဲ့ဘူးပေါ့ဗျာ။ အဲ့လိုနဲ့ကျနော် ၂၀၁၅နှစ်လယ်လောက်မှာ Illustration studio တစ်ခုမှာ junior colorist အနေနဲ့အလုပ်စလုပ်ပြီး နှစ်ကုန်ကျတော့ Bonus ရတယ်၊ Anni ကလဲရောက်တော့မှာဆိုတော့ သူ့ကိုဘာပေးရင်ကောင်းမလဲဆိုပြီး Dagon Center 2 ကိုပါတ်ကြည့်နေတာ G-shock , Baby G တွေရောင်းတဲ့ဆိုင်ရှေ့ရောက်တော့ ဝင်ကြည့်ရင်း တခါတည်း ဝယ်လိုက်တယ်။ အဲ့ကာလတုန်းက သူမကိုပေးဖူးတဲ့ချစ်လက်ဆောင်ထဲမှာ စျေးနှုန်းအားဖြင့် တန်ဖိုးအကြီးဆုံးလို့ပြောလို့ရတယ်၊ အဲ့တာလေးပေးရတော့ သူ့ထက်တောင်ကိုယ်က ပိုပျော်၊ ပိုပီတိဖြစ်မယ်ထင်တယ်။ အဲ့အရွယ်တုန်းက ကိုယ့် Dream watch လို ဖြစ်တဲ့ G-shock brand ထဲက Baby-G ကို ကိုယ်ချစ်တဲ့သူ့အတွက်ဆင်ပေးလိုက်ရတဲ့ပီတိခံစားချက်လေးကို အဓိကပြချင်တာပါ။ ခုထိလဲရှိနေပါသေးတယ်။ Run နေဆဲ ) ပြီးတော့ ၂၀၂၂ ခုနှစ် (ချစ်သက်တမ်း ၉နှစ်ပြည့်တဲ့နေ့) မှာ ကျနော်တို့ ၂ယောက်ထိမ်းမြားလက်ထပ်ကြတယ်ပေါ့ဗျာ။ Watchbay ရဲ့ 9th Anniversary လဲဖြစ်တော့ တိုက်ဆိုင်နေတာလေးသွားတွေးမိသွားလိုက်တယ်။ အဲ့ idea လေးကိုပဲ timeline story telling ပုံစံလေးနဲ့ သရုပ်ဖော်ထားတာဖစ်ပါတယ်။