နာရီတစ်လုံး ဝယ်တော့မယ်ဆိုရင် Design လှဖို့တင်မကဘဲ နာရီရဲ့ Movement Type ကိုလည်း သိထားဖို့ အရေးကြီးပါတယ်။ နာရီရဲ့ Movement ကိုသေချာမသိဘဲ Design ပိုင်းကိုပဲကြည့်ပြီး ရွေးချယ်လိုက်တဲ့အခါတွေမှာ ကိုယ့်ရဲ့ Lifestyle နဲ့မကိုက်ညီခဲ့ဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ အဆင်မပြေမှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နာရီတစ်လုံးရဲ့တိကျမှု၊ အသုံးပြုရလွယ်ကူမှု၊ Maintenance လိုအပ်ချက်နဲ့ Lifestyle ကိုက်ညီမှုတွေက Movement အမျိုးအစားပေါ် မူတည်နေတာကြောင့်ပဲဖြစ်ပါတယ်…
နာရီတွေရဲ့ Movement Type တွေမှာဆိုရင် Quartz, Automatic, Digital နဲ့ Smartwatch ဆိုပြီး အမျိုးအစား (၄) မျိုးရှိပါတယ်…
Quartz Watch
Quartz Watch တွေမှာဆိုရင် Battery အားကိုအသုံးပြုပြီး Quartz Crystal ရဲ့ တိကျတဲ့တုန်ခါမှုနဲ့ အချိန်ကိုဖော်ပြပေးတဲ့အပြင် Maintenance လုပ်ရသက်သာကာ ၂ နှစ်မှ ၅ နှစ်အထိ အသုံးပြုနိုင်တာကြောင့် အချိန်တိကျဖို့အလိုအပ်ဆုံးသူတွေနဲ့ ထိန်းသိမ်းရ လွယ်ကူချင်သူတွေအတွက် အကောင်းဆုံးပါပဲ။
Automatic Watch
Automatic Watch တွေဟာ Battery မလိုတဲ့ Mechanical Movement ဖြစ်ပြီး လက်လှုပ်ရှားမှုကနေ ထွက်လာတဲ့စွမ်းအင်နဲ့ စက်လည်ပတ်တာကြောင့် Battery မလိုဘဲရေရှည်အသုံးခံတာဖြစ်လို့ Classic ဆန်ဆန် စတိုင်လ်ကို ကြိုက်နှစ်သက်သူတွေ၊ နာရီစုဆောင်းသူများ (Collectors) တွေနဲ့ Gentleman Lifestyle ကို နှစ်သက်သူတွေ အကြိုက်ပဲဖြစ်ပါတယ်။ Automatic နာရီကို လက်မှာ မဝတ်ဘဲ ၂ ရက်/၃ ရက်ခန့် ချွတ်ထားပါက စက်ရပ်သွားမှာ ဖြစ်တဲ့အတွက် ဝတ်ဆင်တဲ့အခါ အချိန်ပြန်တိုက်ပေးရန် လိုအပ်ပါတယ်။
Digital Watch
Digital Watch တွေကတော့ အချိန်ကို Digital Display နဲ့ပြပြီး Alarm, Stopwatch, Timer, Backlight စတဲ့ Features များစွာ ပါဝင်လေ့ရှိတာကြောင့် Casual Daily Wear ဝတ်ဆင်သူတွေ၊ Sport Activities လုပ်သူတွေ၊ ရေစို/ဖုန်ဒဏ် ခံနိုင်ရည်ရှိဖို့ လိုအပ်သူတွေအတွက် အကြမ်းခံတဲ့ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။
Smartwatch
နာရီတစ်လုံးထက်ပိုတယ်လို့ပြောကြတဲ့ Smartwatch ဟာဆိုရင် Smartphone နဲ့ ချိတ်ဆက်ပြီး Notification, Health Tracking, Workout Monitoring, Call, Music Control စတဲ့ လုပ်ဆောင်ချက်များစွာကို အသုံးပြုနိုင်တာကြောင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေနဲ့ နည်းပညာနဲ့အမြဲထိတွေ့နေလိုသူတွေအတွက် အထူးသင့်တော်ပါတယ်။
Movement Types Comparison Table
| Watch Type | Movement System | Battery / Power Source | Maintenance | Advantages |
|---|---|---|---|---|
| Quartz | Quartz Crystal | Battery | Battery replacement only | Highly accurate, easy to use |
| Automatic | Mechanical Movement | Wrist movement (Self-winding) | Periodic servicing required | Luxury craftsmanship, no battery required |
| Digital | Electronic Module | Battery | Battery replacement required | Feature-rich, durable, easy to read |
| Smartwatch | Operating System (OS) | Rechargeable Battery | Regular charging and software updates | Smart features, health & fitness tracking, smartphone connectivity |
Movement Type ကို Lifestyle အလိုက် ဘယ်လိုရွေးမလဲ?
ကိုယ့်ရဲ့ Lifestyle က …
- Office & Business Lifestyle ဆိုရင် Quartz Movement / Automatic Movement
- Luxury & Gentleman Style ဆိုရင် Automatic Movement
- Student or Daily Use အတွက်ဆိုရင် Quartz Movement / Digital Movement
- Sports & Outdoor Activities တွေအတွက်ဆိုရင် Digital Movement
- Fitness & Tech Lifestyle အတွက် Smartwatch
ဒီလိုမျိုး Movement Type ကိုမှန်မှန်ကန်ကန် ရွေးချယ်နိုင်မှသာ နာရီတစ်လုံးကအချိန်ကြည့်တဲ့ Accessories တစ်ခုထက်ပိုပြီး ကိုယ့်ရဲ့ Lifestyle ကိုပါ ပြီးပြည့်စုံစေမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ Lifestyle၊ Budget နဲ့ Personal Style အတွက် အသင့်တော်ဆုံးနာရီကို ရွေးချယ်ချင်တယ်ဆိုရင်တော့ Watchbay by Cherry Oo မှာ 100% Genuine Brand နာရီများ (Quartz, Automatic, Digital မှ Smartwatch အထိ) ကို Official Warranty အပြည့်အဝဖြင့် စိတ်ချလက်ချ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။