Skip to Content
Official Online Sale Channel by Cherry Oo Biggest Watch Online Sale Channel in Myanmar Official Online Sale Channel by Cherry Oo Biggest Watch Online Sale Channel in Myanmar

ချစ်ခင်ရသူတွေအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ လက်ဆောင် - Gift Guide

မွေးနေ့ပဲဖြစ်ဖြစ်၊ Anniversary ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အထိမ်းအမှတ်နေ့တစ်ခုခုအတွက်ပဲဖြစ်ဖြစ် လက်ဆောင်ပေးမယ်ဆိုရင် "နာရီ" ဟာ အကောင်းဆုံးရွေးချယ်မှုထဲက တစ်ခုပါပဲ။
2026- ဩဂုတ် 6 by

မွေးနေ့ပဲဖြစ်ဖြစ်၊ Anniversary ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အထိမ်းအမှတ်နေ့တစ်ခုခုအတွက်ပဲဖြစ်ဖြစ် လက်ဆောင်ပေးမယ်ဆိုရင် "နာရီ" ဟာ အကောင်းဆုံးရွေးချယ်မှုထဲက တစ်ခုပါပဲ။

ချစ်ရသူအတွက်ဆိုရင်လည်း “အချိန်တိုင်းမင်းနဲ့အတူ ကုန်ဆုံးချင်တယ်" လို့ အဓိပ္ပာယ်ရသလို မိဘ ဒါမှမဟုတ် လေးစားရတဲ့ လူကြီးသူမတွေကို နာရီလက်ဆောင်ပေးတာဟာ လေးနက်တဲ့သံယောဇဉ်ကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ရာလည်း ရောက်ပါတယ်။

ဒါပေမဲ့ လက်ဆောင်ရရှိသူရဲ့ Personality၊ Lifestyle၊ အသက်အရွယ် နဲ့ ကွက်တိကျမယ့် နာရီတစ်လုံးကို ရွေးချယ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ လက်ခံရရှိမယ့် ချစ်ခင်ရသူတွေ စိတ်တိုင်းကျပြီး အမှတ်တရကျန်ရစ်စေမယ့် နာရီကို ရွေးချယ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့တော့လိုပါမယ်။

  • ကိုယ်နာရီလက်ဆောင်ပေးမယ့်သူက စီးပွားရေးလုပ်ငန်းရှင်၊ ရုံးဝန်ထမ်း သို့မဟုတ် အထက်လူကြီးတွေ ဖြစ်မယ်ဆိုရင် ဆန်းသစ်ပြီးတည်ကြည်မှုကို ပေါ်လွင်စေတဲ့ Leather Strap သို့မဟုတ် Stainless Steel Bracelet နဲ့ Classic & Minimalist Dress Watch တွေက အကောင်းဆုံး လက်ဆောင်ဖြစ်ပါတယ်။
  • အားကစားလုပ်ရတာကိုကြိုက်သူ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး လူငယ်စတိုင်ကြိုက်တဲ့ ချစ်သူ၊ သူငယ်ချင်း၊ မိတ်ဆွေတွေအတွက်ဆိုရင်တော့ Stopwatch, Timer ပါရှိပြီး Silicone/Rubber Strapများနဲ့ Water Resistance ကောင်းမွန်ပြီး နေ့စဉ်အသုံးပြုလို့ အဆင်ပြေတဲ့ Function စုံလင်တဲ့ Digital Watch သို့မဟုတ် Chronograph(Sport Watch) တွေက အသင့်တော်ဆုံးပါပဲ။
  • Technology နဲ့ ရင်းနှီးသူ၊ Health Conscious ဖြစ်သူများအတွက် မိမိရဲ့ ကျန်းမာရေး၊ လေ့ကျင့်ခန်း လုပ်ဆောင်ချက်တွေနဲ့ Phone Notificationများကို လက်ကောက်ဝတ်မှာ တိုက်ရိုက် ကြည့်ရှုနိုင်ဖို့ရည်ရွယ်တယ်ဆိုရင်တော့ Smartwatch က အသုံးဝင်ဆုံး လက်ဆောင် ဖြစ်ပါလိမ့်မယ်။
  • နာရီတစ်လုံးကို အနုပညာတစ်ခုလို တန်ဖိုးထားမြတ်နိုးတတ်သူ၊ Watch Collectorများနှင့် လေးစားရတဲ့ လူကြီးသူမများအတွက်ဆိုရင် Heritage Brand Automatic နာရီများ က အသင့်တော်ဆုံး၊ အဖိုးတန်ဆုံးလက်ဆောင် ဖြစ်ပါတယ်။

💡 လက်ဆောင်ပေးခါနီး မဖြစ်မနေ သတိပြုရမယ့် Checklist (၃) ချက်

  1. လက်ကောက်ဝတ် သေးသူကို Case အကြီးကြီးပေးမိရင် ကြည့်မကောင်းသလို၊ လက်ကောက်ဝတ်ကြီးသူကို ဆိုဒ်အသေးပေးမိရင်လည်း အဆင်မပြေဖြစ်နိုင်တာကြောင့် Wrist Size ကိုထည့်စဉ်းစားဖို့လည်း အရေးကြီးပါတယ်။ (လက်ကောက်ဝတ် သေးသူများကို 38mm-40mm အောက်၊ ကြီးသူများကို 42mm အထက် ရွေးချယ်ပေးပါ)။
  2. ကိုယ်လက်ဆောင်ပေးမယ့်သူရဲ့ နေ့စဉ်ဝတ်ဆင်လေ့ရှိတဲ့ အဝတ်အစား စတိုင်က  အမြဲတမ်း Suit ဝတ်ရသူလား? ဒါမှမဟုတ် Casual Jeans နဲ့ တီရှပ် ဝတ်ရတာ ပိုကြိုက်သူလား? ဆိုတာကိုသိထားမှသာ လိုက်ဖက်မယ့် နာရီ Style ကို ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။
  3. Official Warranty ပါဝင်မှုကို စစ်ဆေးပါ၊ လက်ဆောင်ပေးတဲ့ နာရီဟာ Official Warranty Card ပါဝင်မှသာ လက်ဆောင်ရရှိသူအတွက် နာရီ ထိခိုက်မိခြင်း/ Battery လဲလှယ်သည့်အခါတို့တွင် စိတ်အေးချမ်းသာစွာ ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကိုယ်ကရွေးပေးလိုက်တာကို မကြိုက်မှာလည်းစိတ်ပူတယ်၊ သူတို့ စိတ်တိုင်းကျနာရီကိုပဲ ပေးချင်တယ် ဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံးက ချယ်ရီဦးနာရီအရောင်းဆိုင်တိုင်းမှာ နှစ်သက်ရာနာရီအားလုံးကို လက်‌ဆောင်ရသူကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်တဲ့ Cherry Oo Gift Card လေးတွေကို လက်ဆောင်ပေးလို့ရပါတယ်။

🎁 Watchbay by Cherry Oo တွင် စိတ်ကြိုက် လက်ဆောင်ရွေးချယ်ပါ

Quartz, Automatic, Digital နဲ့ Smartwatch — ဘယ်နာရီက ကိုယ့်အတွက် အသင့်တော်ဆုံးလဲ?
နာရီတွေရဲ့ Movement Type တွေမှာဆိုရင် Quartz, Automatic, Digital နဲ့ Smartwatch ဆိုပြီး အမျိုးအစား (၄) မျိုးရှိပါတယ်…